ဒီကမ္ဘာကြီးမှာ Internet ဆိုသော အရာ ပေါ်ပေါက်လာခဲ့တာ ဆယ်စုနှစ် ၃ ခုကျော်လာခဲ့ပါပြီ။ Internet ပေါ်ပေါက် လာခြင်းက ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ လို ဖြစ်လာခဲ့လို့ Global Village လို့တောင် တင်စားခေါ်ခဲ့ကြပါတယ်။
2021 ခုနှစ်ရဲ့ စစ်တမ်းမှာ ကမ္ဘာပေါ်မှာ Internet သုံးစွဲသူ Users ပေါင်း (၄.၆၆ ဘီလီယံ) ရှိတယ်လို့ စစ်ဆေး တွေ့ရှိပါတယ်။ ကမ္ဘာ့လူဉီးရေ ကလည်း (၇.၉၉ ဘီလီယံ) ၈ ဘီလီယံ နီးပါး ဖြစ်လာတော့ ကမ္ဘာ့လူဉီးရေရဲ့ ၆၀% နီးပါးလောက်က Internet အသုံးပြုသူ Usersတွေ ဖြစ်လာပါတယ်။
ကျန်တဲ့ ၄၀% ကလည်း အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ အဲဒီ စာရင်းအရ ကမ္ဘာပေါ်မှာရှိတဲ့ အရွယ်ရောက်ပြီး သူတိုင်းဟာ Internet ကိုသုံးစွဲသူတွေ ဖြစ်လာခဲ့ပါတယ်။ (မှတ်ချက် – ယနေ့ခေတ်မှာ ကလေးသူငယ်တွေရော အသက် ၈၀ ကျော် လူကြီးတွေအထိ Internet ကို သုံးနေတာလည်း တွေ့မြင်ရပါတယ်)
ဆယ်စုနှစ် ၃ ခုကျော်ကာလအတွင်းမှာ ကမ္ဘာပေါ်မှာရှိကြသော Internet အသုံးပြုသူပေါင်း (၄.၆၆ ဘီလီယံ) က Internet ကို အသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်သွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ မိုးလေဝသ၊ သတင်းမီဒီယာ မှစလို့ စိတ်အပန်းဖြေအနားယူတဲ့ ရုပ်ရှင်ရုံတွေ၊ တေးဂီတ ဖျော်ဖြေပွဲ တွေ.အထိ လူမှုဘဝတွေ ထဲကို Internet ကရောက်ရှိ လာခဲ့ပါတယ်။
ခေတ်တွေပြောင်းလာ သလို Internet ရဲ့ နည်းပညာတွေကလည်း ပြောင်းလဲလာခဲ့ပါတယ်။ နည်းပညာ ရှုထောင့်က တော့ Internet ကို World Wide Web လို့ ခေါ်ပြီး အတိုကောက် Web လို သုံးစွဲကြပါတယ်။ Internet ရဲ့ နည်းပညာ ပြောင်းလဲမှု Revolution ကို ခေတ်ကာလ ပေါ်မူတည်ပြီး ၁၉၉၀ ခုနှစ်လောက် ကနေ ၂၀၀၅ ခုနှစ် ပထမ (၁၅) နှစ်ကာလ လောက်မှာ ရှိသော Internet နည်းပညာကို Web 1.0 Generation လို့ သတ်မှတ်ခဲ့ကြပါတယ်။
Web 1.0 မှာတော့ Internet ပေါ်မှာ Content လို့ခေါ်သော စာအချက်အလက်တွေ ၊ ပုံတွေ ကို တင်ပြီး မည်သူမဆို လေ့လာနိုင်အောင်ရှာဖွေကြည့်ရှုနိုင်အောင် ဖန်တီးတည်ဆောက်ထားခဲ့ပါတယ်။ အဲဒီကာလမှာ Internet ကို အသုံးပြုနိုင်ရန်မှာ အနည်းဆုံး Desktop Computer/Laptop Computer ရှိရမှာဖြစ်သလို အနည်းဆုံး Internet ကွန်ယက်ဆီ ချိတ်ဆက်အသုံးပြုဖို့ Dial-Up Line/ Dedicated Line တွေကို မိမိအိမ် (သို့) အလုပ်ဌာန အထိ ဆက်သွယ်ချိတ်ဆက်ထားနိုင်သူတွေသာ Internet ကို ထိတွေ့သုံးစွဲနိုင်ကြပါတယ်။